“Better Combo” (“Better” by Yoma ဟုလည်းခေါ်သည်) သည် ခေတ်မီအသုံးအဆောင်ပစ္စည်းများနှင့် အိမ်သုံးပစ္စည်းများကို သင့်တင့်သော စျေးနှုန်းများနှင့် လိုက်လျောညီထွေမှုရှိသော ငှားရမ်းဝယ်ယူမှု အစီအစဥ်တို့ဖြင့် အဆင့်မြင့် နည်းစနစ်များမှတစ်ဆင့် အသုံးပြုနိုင်စေမည့် အစီအစဥ်တစ်ခုဖြစ်သည်။
“Better Combo” အစီအစဥ်တွင် အကျုံး၀င်သော Yoma Car Share အဖွဲ့ဝင်များ၊ Wave Agent များနှင့် Grab Taxi Driver များကို SMS ဖြင့် အကြောင်းကြားမည်ဖြစ်ပြီး SMS ရရှိထားသူများသည် “Better Combo” ကို လျှောက်ထားနိုင်ပါသည်။
“Better Combo” အစီအစဥ်တွင် ဖုန်းအမျိုးအစားများ၊ တက်ဘလက်များနှင့် ခေတ်မီအိမ်အသုံးအဆောင်ပစ္စည်းများ လတ်တလောရရှိနိုင်ပါသည်။
Better Combo ဝက်ဘ်ဆိုက်ဖြစ်သော combo.better.com.mm သို့သွားပါ။
- ၁) သင်၏အကောင့်အား စာရင်းသွင်းပါ။
- ၂) သင်၏အကောင့်အား စာရင်းသွင်းခြင်း အောင်မြင်ပါက ပစ္စည်းအမျိုးအစားကို ရွေးချယ်၍ အော်ဒါတင်ပါ။
- ၃) လိုအပ်သော စာရွက်စာတမ်းများနှင့် လျှောက်လွှာအားဖြည့်စွက်၍ မှာယူမှုအသေးစိတ်အား စစ်ဆေးပါ။
ထို့နောက် သင်၏ စိတ်ကြိုက် ပစ္စည်းအား ဝယ်ယူရန် အသင့်ဖြစ်နေပါပြီ။
ကျွန်ုပ်တို့သည် အချက်အလက်ပြည့်စုံသော သင်၏အကောင့်စာရင်းသွင်းခြင်းအား စစ်ဆေးပြီးသည်နှင့် မိနစ်၃၀အတွင်း စာရင်းသွင်းခြင်း အောင်မြင်ခြင်း ရှိ/မရှိကို အသိပေးသွားမည်ဖြစ်သည်။
ငှားရမ်းဝယ်ယူနိုင်မည့်သက်တမ်းမှာ ၆ လနှင့် ၁၂ လဖြစ်သည်။ မိမိအဆင်ပြေသော ငှားရမ်းဝယ်ယူနိုင်မည့် ကာလသက်တမ်းအား လိုက်လျောညီထွေစွာ ရွေးချယ်နိုင်ပါသည်။
ငှားရမ်းဝယ်ယူသည့်ပမာဏ၏ အနည်းဆုံး ၂၀ ရာခိုင်နှုန်းမှ အများဆုံး ၅၀ ရာခိုင်နှုန်းအထိ ကနဦးပေးချေငွေ ပေးချေနိုင်ပါသည်။
ဝန်ဆောင်ခအနေဖြင့် ဝယ်ယူသော ပစ္စည်း၏ ၃ ရာခိုင်နှုန်းအား ပေးဆောင်ရမည်ဖြစ်သည်။ ငှားရမ်းဝယ်ယူသူသည် အငှားချထားသူအား တစ်ကြိမ်သာပေးဆောင်ရမည့် ဝန်ဆောင်ခဖြစ်သည့် ကုန်ပစ္စည်း၏ ၃ ရာခိုင်နှုန်းအား ကုန်ပစ္စည်းမထုတ်ယူမီတွင် Better WavePay Biller အကောင့်မှ ပေးချေရမည်ဖြစ်ပြီး ထိုဝန်ဆောင်ခအား ပြန်လည်ရရှိနိုင်မည်မဟုတ်ပါ။
- လျှောက်ထားသူသည် ရွေးချယ်ထားသော Yoma Car Share အဖွဲ့ဝင် သို့မဟုတ် Wave အေးဂျင့် သို့မဟုတ် Grab Taxi Driver ဖြစ်ရမည်။
- လျှောက်ထားသူသည် “Better Combo” တွင် လျှောက်ထားနိုင်ကြောင်း SMS ရရှိသူဖြစ်ရမည်။
- လျှောက်ထားသူသည် အတည်ပြုထားသော WavePay အဆင့် ၂ ဖုန်းနံပါတ်အား ပေးဆောင်ရမည်။
- လျှောက်ထားရန်အတွက် သတ်မှတ်ထားသော အနည်းဆုံးလစာဝင်ငွေ ပြည့်မီသူဖြစ်ရမည်။
- လျှောက်ထားသူသည် ကိုယ်ရေးအချက်အလက်များ၊ ဝန်ထမ်းအချက်အလက်များ၊ အာမခံပေးသူ၏ အချက်အလက် နှင့် အခြားလိုအပ်သော စာရွက်စာတမ်းများအား ထောက်ပံ့ပေးနိုင်ရမည်။
Better Combo တွင်လျှောက်ထားနိုင်ရန်အတွက် အာမခံပေးသူလိုအပ်ပါသည်။ အာမခံပေးသူ၏ အမည်၊ မှတ်ပုံတင်၊ WavePay အကောင့် အဆင့် ၂ ဖုန်းနံပါတ်နှင့် လိပ်စာတို့အား တင်ပြပေးရမည်ဖြစ်သည်။
လိုအပ်သော စာရွက်စာတမ်းများအား အောက်တွင်အသေးစိတ် ကြည့်ရှုပါ။ Yoma Car Share Member, Wave Agent, Grab Taxi Driver
- မှတ်ပုံတင်
- အိမ်ထောင်စုစာရင်း
- နေရပ်လိပ်စာအထောက်အထား
- မှတ်ပုံတင်ကို မိမိမျက်နှာအနီးတစ်ဝိုက်တွင်ထား၍ ကြည်လင်ပြတ်သားစွာ မိမိကိုယ်ကိုရိုက်ထားသော Selfie ပုံ
- အာမခံပေးသူ၏ အမည်၊ မှတ်ပုံတင်၊ WavePay အကောင့် အဆင့် ၂ ဖုန်းနံပါတ်နှင့် နေရပ်လိပ်စာ
ID-Selfie သည် နိုင်ငံသားမှတ်ပုံတင်အမှတ်/နိုင်ငံကူးလက်မှတ်အား သင်၏ မျက်နှာအနီးတွင်ထား၍ မိမိကိုယ်တိုင်ရိုက်ထားသော selfie ပုံကိုဆိုလိုသည်။ ပုံထဲရှိ နိုင်ငံသားမှတ်ပုံတင်အမှတ်/ နိုင်ငံကူးလက်မှတ် ပေါ်တွင်ရှိသော အချက်အလက်များသည် ကြည်လင်ပြတ်သားစွာ မြင်နိုင်ရမည်ဖြစ်သည်။
နေရပ်လိပ်စာ အထောက်အထားဆိုသည်မှာ သင်၏ အမြဲတမ်းနေထိုင်ရာလိပ်စာ ပါဝင်သော ပြေစာကိုဆိုလိုသည်။ ဥပမာအားဖြင့် အင်တာနက်ဘေစာရွက်၊ အိမ်အငှားစာချုပ်၊ လိပ်စာပါရှိသော ဘဏ်စာအုပ်၏ ပထမစာမျက်နှာ ၊ လိပ်စာပါရှိသော ဘဏ်စာရင်းရှင်းတမ်း သို့မဟုတ် မီတာစာရွက် ကိုဆိုလိုသည်။
ကုမ္ပဏီဝန်ထမ်းဆိုသည်မှာ ကုမ္ပဏီတစ်ခုတွင် အနည်းဆုံး ၆ လခန့် အလုပ်လုပ်နေပြီးလျက်ရှိသော အမြဲတမ်းဝန်ထမ်းဖြစ်ပြီး လစဥ် လစာပြေစာများကို ပြသပေးနိုင်သူဖြစ်သည်။
ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်သူဆိုသည်မှာ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းအား လုပ်ဆောင်နေသူဖြစ်ပြီး ထိုလုပ်ငန်း၏ လစဥ် ဝင်ငွေ အထောက်အထားအား ပြသနိုင်သူဖြစ်သည်။
လက်မှတ်ထိုးထားသော စာချုပ်သည် ငှားရမ်းဝယ်ယူခြင်းအား သဘောတူညီကြောင်း လက်မှတ်ထိုးထားသည့် စာချုပ်ဖြစ်ပြီး Better Combo ၏ မှာယူမှု ပြုလုပ်သည့် စာမျက်နှာတွင် တွေ့မြင်နိုင်မည်ဖြစ်သည်။
မှာယူထားသော ပစ္စည်းအား မှာယူမှုပြုလုပ်စဥ်က ရွေးချယ်ခဲ့သော ပစ္စည်းထုတ်ယူမည့်ဆိုင်တွင် သွားရောက်ထုတ်ယူရမည်ဖြစ်သည်။ သင်၏ မှတ်ပုံတင်မူရင်းနှင့် မိတ္တူအား ယူဆောင်သွားရမည်ဖြစ်ပြီး သွားရောက်ထုတ်ယူနိုင်သည့်အချိန်မှ စတင်၍ ၃ရက်အတွင်း သွားရောက်ထုတ်ယူရမည်ဖြစ်သည်။
လျှောက်ထားသော ငှားရမ်းဝယ်ယူမှုအခြေအနေများကို စာရွက်စာတမ်းအစုံအလင်ဖြင့် သင်၏ငှားရမ်းဝယ်ယူခြင်းလျှောက်ထားသည့်အချိန်မှစ၍ အလုပ်လုပ်ချိန် ၂နာရီအတွင်း အီးမေးလ်နှင့် SMS မှတစ်ဆင့် အသိပေးအကြောင်းကြားပေးသွားပါမည်။ Better Combo ဝက်ဘ်ဆိုက်၏ ကျွန်ုပ်၏အကောင့်ရှိ မှာယူမှုများထဲတွင် မှာယူမှုအခြေအနေအား စစ်ဆေးကြည့်ရှုနိုင်ပါသည်။
သင်၏လစဥ်ပြန်ဆပ်ငွေပေးချေမှုသည် နောက်ကျခဲ့ပါက သင်၏ငှားရမ်းဝယ်ယူမှု စတင်လျှောက်ထားစဥ်က ဖြည့်သွင်းခဲ့သော ဖုန်းနံပါတ်ဖြစ်သည့် အတည်ပြုထားသော WavePay အကောင့်မှ တိုက်ရိုက်ဖြတ်တောက်သွားမည်ဖြစ်သည်။
သင်၏ WavePay အကောင့်တွင် ရနိုင်သောပမာဏကို ကျွန်ုပ်တို့မှ နုတ်ယူမည်ဖြစ်ပြီး ငှားရမ်းဝယ်ယူမှုပြန်ဆပ်ရမည့်နေ့တွင် ပြန်ဆပ်မှုမအောင်မြင်ပါက ပြန်ဆပ်မှုနောက်ကျသည့်အတွက် ဒဏ်ကြေးငွေများ ပေးဆောင်ရမည်ဖြစ်သည်။
နောက်ကျကြေးအဖြစ် တစ်ရက်လျှင် ၂၀၀၀ ကျပ်ကျသင့်မည်ဖြစ်ပြီး နောက်ကျသောရက်အလိုက်တွက်ချက်သွားမည်ဖြစ်သည်။
သင်၏ငှားရမ်းဝယ်ယူမှုအတွက် ကျန်ရှိနေသော ပမာဏများအားလုံးကို စောစောပြန်ဆပ်နိုင်ပြီး ၎င်းအတွက် မည်သည့်အခကြေးငွေကိုမျှ ကျွန်ုပ်တို့ကောက်ခံမည်မဟုတ်ပါ။ စောစောပြန်ဆပ်ခြင်းအတွက် ငှားရမ်းခများ သို့မဟုတ် အခကြေးငွေများ လျော့ချပေးခြင်းမျိုးရှိမည်မဟုတ်ပါ။
သင်၏ WavePay အကောင့်မှ ရရှိနိုင်သော ပမာဏကို ကျွန်ုပ်တို့ နုတ်ယူပါမည်။ သင်သည် သက်ညှာကာလ အနေဖြင့် ၅ ရက်ရရှိမည်ဖြစ်ပြီး ဤ ၅ ရက်အတွင်း လစဉ်ပြန်ဆပ်ရမည့်ပမာဏကို ပေးချေရမည်ဖြစ်သည်။ ထပ်မံနောက်ကျပါက နောက်ကျကြေးအဖြစ် တစ်ရက်လျှင် ၂၀၀၀ ကျပ် ကောက်ခံမည်ဖြစ်သည်။ အခြားငွေပေးချေမှုနည်းလမ်းများနှင့်ပေးချေလိုပါက ကျွန်ုပ်တို့အား ဆက်သွယ်ပါ။
ပထမအကြိမ်အတွက် ပေးရန်ရှိနေသော ပမာဏအားလုံးအား ပေးချေပြီးနောက် သင့်အနေဖြင့် “Better Combo” ငှားရမ်းဝယ်ယူမှု အစီအစဥ်အား ဒုတိယအကြိမ်လျှောက်ထားနိုင်ပါသည်။
“Better Combo” ငှားရမ်းဝယ်ယူမှုနှင့်ပတ်သတ်၍ မေးမြန်းလိုသည်များရှိပါက - Better Hotline : 09949238837 or 09949BETTER နှင့် အီးမေးလ် hello@better.com.mm သို့ နေ့စဉ် မနက် ၈း၃၀ မှ ညနေ ၄း၃၀ အတွင်း ဆက်သွယ်နိုင်ပါသည်။